TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၁၆-၂၀၁၉)
- ဆီးရီးယား အရှေ့မြောက်ပိုင်း တူရကီစစ်တပ်ရဲ့ ထိုးစစ်တွေကို ရပ်တန့်အောင် တူရကီသမ္မတကို ဖိအားပေးဖို့ ရည်ရွယ်ပြီး အမေရိကန် ဒုတိယသမ္မတ Mike Pence ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တူရကီကိုသွားရောက်ပါလိမ့်မယ်။ - ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးပမ်းနေကြတဲ့ ကိုယ်စားလှယ် ၁၂ ယောက် မနေ့ညက စကားစစ်ထိုးပွဲကျင်းပပါတယ်။ - EU ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေးသဘောတူညီမှုတွေ ရရှိနိုင်ဖို့ ၂ ဘက်တာဝန်ရှိသူတွေ Brussels မြို့ ဥရောပကော်မရှင်မှာ ဆက်ပြီး ဆွေးနွေးနေကြပါတယ်။