TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၁၅၊ ၂၀၂၁။
ကယားနဲ့ ရှမ်းမှာ ဒေသခံ ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲဖြစ်၊ ထိုင်းဘက်မှာ စိတ်ကြွဆေးပြား သိန်းချီ ထပ်မံ ဖမ်းဆီးရမိ၊ အာဖဂန် ကနေ အမေရိကန် တပ်တွေ ရုပ်သိမ်းနေတဲ့ အပေါ် အကဲခတ်တွေ အမြင်၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားရေး စစ်ကောင်စီဘက်က ကြိုးပမ်းမှုတွေကို တန်ပြန်နိုင်ရေး ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က ကြိုးပမ်းမှု အကြောင်း ဆွေးနွေးထားတဲ့ စနေညချမ်း ဆွေးနွေးခန်း အစီအစဉ်တို့ကို နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (သြဂုတ် ၁၅ ရက်၊ ၂၀၂၁)
မြန်မာ့အရေးနိုင်ငံတကာဖိအား သက်ရောက်မှု သတင်းထောက်မှတ်စု၊ ကိုဗစ်ကိုပြန်တိုက်ဖို့ အာဟာရပြည့် စားသောက်ဖို့လို လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ ကုလရဲ့ IIMM သတင်းတွေထဲက သုတ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ သြဂုတ် ၁၅ ရက် တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ်၁၅၊၂၀၂၁)
အာဆီယံအထူးကိုယ်စားလှယ်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး၊ ဘာဆန်ချားကျွန်းကထွက်ပြေးတဲ့ ရိုဟင်ဂျာတွေ လှေမှောက်ပျောက်ဆုံး၊ ဖယ်ခုံမှာ ကရင်နီကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်၊ ရန်ကုန်မှာ ပေါက်ကွဲမှုတချို့ရှိပြီး လုံခြုံရေးတင်းကြပ်တဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။