TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၁၅-၂၀၁၉)
- ဟောင်ကောင် အရေးမပြေလည်သေးရင် အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တခုရဖို့ နှောင့်နှေးနေနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။ - ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းတော့မယ်ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ အစုရှယ်ယာဈေးတွေ ကျဆင်းနေပါတယ်။ - ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် DSTA အပါအ၀င် နေရာ ၅ နေရာကို ဒီကနေ့ မနက်စောစောပိုင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် လက်နက်ကိုင် ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်၊ ရဲ နဲ့ အရပ်သား သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။