TV Schedule
ဇူလိုင် ၁၅၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားမစ်ဇိုင်းဒုံးကြောင့် ယူကရိန်းမှာ ၂၀ ကျော်သေ၊ သီရိလင်္ကာသမ္မတ ရာထူးကနုတ်ထွက်စာပေးပို့၊ အမေရိကန်သမ္မတရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံတွေ အခက်ကြုံနေရ၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၅၊ ၂၀၂၂)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပါလက်စတိုင်း ခေါင်းဆောင် Mahmud Abbas တို့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း West Bank မှာတွေ့၊ သီရိလင်္ကာနိုင်ငံမှာ ဝန်ကြီးချုပ် Ranil Wickremesinghe ယာယီသမ္မတအဖြစ်ကျမ်းကျိန်၊ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ပြည်ပက ငွေသားနဲ့ဖြစ်စေ၊ ပစ္စည်းနဲ့ ဖြစ်စေ ရယူထားတဲ့ ပြည်ပချေးငွေ အတိုးနဲ့ အရင်း ပြန်လည်ပေးဆပ်တာတွေ လတ်တလော ဆိုင်းငံ့ထားဖို့ ဗဟိုဘဏ်ညွှန်ကြားချက် ထုတ်ပြန်
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင်၁၅၊ ၂၀၂၂
ပြည်ပချေးငွေပေးချေမှုများ ဆိုင်းငံထားဖို့ စစ်ကောင်စီဗဟိုဘဏ်ညွှန်ကြား၊ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှုစွဲချက် ဒေါ်အောင်ဆန်းစုကြည်ငြင်းဆန်၊ ထောင်ကျပြီး နိုင်ငံရေးအကျဉ်းသားများ မိသားစုနဲ့တွေ့ဆုံခွင့်မရနိုင်သေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမျိုးသမီး၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။