TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း မေ၁၅၊၂၀၂၃
မိုခါ ဆိုက်ကလုံးမုန်တိုင်း ကုန်တွင်းပိုင်းမှာ အရှိန်နဲ့ဆက်တိုက်ခိုက်ဖွယ်ရှိ၊ ထိုင်းရွေးကောက်ပွဲ အစောပိုင်းရလဒ် Pheu Thai ပါတီက ဦးဆောင်နေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဒီမိုကရေစီရေးဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မေလ ၁၅၊ ၂၀၂၃)
အင်အား ပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ ဟာ မုန်တိုင်းငယ်အဖြစ် တဖြေးဖြေး အားလျော့သွားပြီး တရုတ်မြန်မာနယ်စပ်ဘက်ကို ရွေ့လျား၊ ဆိုင်ကလုံးမုန်တိုင်း မိုခါ အားပျော့သွားပေမဲ့လည်း မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံနေရာတချို့မှာ မိုးကြီးတာ၊ ရေကြီးမြေပြိုတာတွေ ဖြစ်နိုင်တဲ့အကြောင်း မိုးဇလဌာန သတိပေး၊ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရထားတဲ့ Move Forward ပါတီက ညွန့်ပေါင်းအစိုးရ ဖွဲ့မယ့် အစီအစဉ်မှာ ပူးပေါင်းမယ့်အကြောင်း အဓိက အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ Pheu Thai ပါတီပြော
ဗွီအိုအေ မြန်မာညချမ်း (မေ ၁၅၊ ၂၀၂၃)
မိုခါ ဆိုင်ကလုန်းကြောင့် ပုဂံဒေသ ထိခိုက်ပျက်စီး၊ မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်း အိမ်ခြေထောင်ချီပျက်စီး၊ ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ ညွန့်ပေါင်းဖွဲ့ဖို့ပြင်၊ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ လူမှုရှုခင်း၊ သက်တံရောင် အပတ်စဉ် အစီအစဉ်တွေ တင်ဆက်ထားပါတယ်။