TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၁၅၊ ၂၀၂၂။
ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြန်စတဲ့ အကြောင်း၊ လုံခြုံရေး အတွက် ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ် ဂျာမနီ က ၀ယ်ယူဖို့ ပြင်ဆင်နေတဲ့ အခြေအနေ၊ ယူကရိန်းက နျူးကလီးယား ဓာတ်ပေါင်းဖိုတွေ ဘေးကင်းလုံခြုံရေးနဲ့ စီးပွားရေး၊ ရုရှား ကျူးကျော်စစ် အပေါ် အာရှနိုင်ငံတွေရဲ့ သဘောထား စတဲ့ သတင်းတွေနဲ့ သတင်းဆောင်းပါးတွေ အပြင် အပတ်စဉ် ကဏ္ဍတွေမှာတော့ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၁၅-၂၀၂၂)
ယူကရိန်း မြို့တော် Kyiv နဲ့ တခြား မြို့ကြီးတွေကို ရုရှားက ဗုံးကြဲတိုက်ခိုက်နေသလို ရုရှားနဲ့ ယူကရိန်း ဆက်လက် ဆွေးနွေး၊ ရုရှားအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ချိုးဖောက်ပြီး တရုတ် ပံ့ပိုးခဲ့ရင် အမေရိကန်က အရေးယူမယ်လို့ သတိပေး၊ ယူကရိန်းကနေ သတင်းပေးပို့နေတဲ့ အမေရိကန် Fox News ရုပ်သံ သတင်းထောက်တဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့... စတဲ့သတင်းတွေ အပါအ၀င် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း မတ်၁၅၊၂၀၂၂
မြန်မာစစ်တပ်အကြမ်းဖက်မှုတွေကို အရေးယူဖို့ ကုလမဟာမင်းကြီးတောင်းဆို၊ ရုရှားကိုမထောက်ပံ့ဖို့ တရုတ်ကို အမေရိကန်သတိပေး၊ ကန်ပက်လက်မှာ CDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့ညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။