TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၁၅၊၂၀၂၃)
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ၁၅၊၂၀၂၃) ကန်အမျိုးသားလုံခြုံရေးအကြံပေး အစ္စရေးခေါင်းဆောင်တွေနဲ့ဆွေးနွေး၊ ရခိုင်ပြည်နယ်အတွင်း စစ်စခန်းကြီးငယ် ၁၄၀ကျော်သိမ်းယူခဲ့ဟု AA ထုတ်ပြန် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ကျန်းမာရေး၊တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ ( ဒီဇင်ဘာ ၁၅ ၊ ၂၀၂၃ )
ယူကရိန်းအတွက် ဒေါ်လာ ၅၄ ဘီလီယံ ထောက်ပံ့ပေးမယ့် အစီအစဉ် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေအကြား သဘောတူညီချက်မရဘဲ ပျက်ပြယ်သွား၊မြန်မာစစ်ကောင်စီနဲ့ မြောက်ပိုင်းဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်ရအောင် ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အကြောင်း တရုတ်နိုင်ငံပြော။
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၃)
အစ္စရေးအနေနဲ့ ဂါဇာကို ရေရှည်သိမ်းပိုက်ထားဖို့ မဖြစ်နိုင်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ပြည်သူ့စစ်စခန်း ၂ ခု KIA ထိန်းချုပ်၊ ရခိုင်ပြည်နယ်တွင်း အရပ်သား ၄၀၀ ကျော် အဖမ်းခံရ၊ မြန်မာပဋိပက္ခကြားက ကလေးငယ်တွေကူညီဖို့ ဒေါ်လာ ၂၀၈ သန်းလိုအပ် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။