TV Schedule
ဒီဇင်ဘာ ၁၅၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ချန်ပီယံ ပြင်သစ်အသင်း ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲတက်၊ အာဆီယံ အီးယူ ထိပ်သီးအစည်းအဝေး စတင်၊ မြန်မာနိုင်ငံဖက် တရားမ၀င် ၀င်ရောက်ဖို့ ကြိုးပမ်းသူ တရုတ်နိုင်ငံသား ၁၆ ယောက် ထိုင်းဖမ်းဆီး စတာတွေအပြင်၊ မြန်မာ့အရေး သုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၅၊ ၂၀၂၂)
အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF က မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ မူဝါဒ အသစ် တခုကို အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အီရန်နိုင်ငံရဲ့ နူးကလီးယားအစီအစဉ်တွေကိုလေ့လာစုံစမ်းဖို့ ကုလသမဂ္ဂ နိုင်ငံတကာအနုမြူအေဂျင်စီ IAEA ဟာလာမယ့် တနင်္ဂနွေနေ့မှာ အီရန်ကိုသွားဖို့ရှိပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အာဆီယံဒေသတွင်းက စီမံကိန်းတွေမှာ ယူရို ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌကပြောပါတယ် ...ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၁၅၊ ၂၀၂၂
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်၊ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးရွားနေဆဲ၊ ရှမ်းပြည်တောင်ပိုင်းက ဒုက္ခသည်တွေ ဆောင်းတွင်းအရေးပေါ် အကူအညီလိုအပ် စတဲ့ သတင်းပေးပို့ချက်တွေနဲ့ ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ကြရမှာပါ။