TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၁၅၊ ၂၀၂၃)
ဂါဇာမှာ လူသားဘေးဒုက္ခ အကျပ်အတည်း ဆိုးရွားလာနေကြောင်း ကုလသမဂ္ဂ သတိပေး၊ မြန်မာအပါအဝင် တရားမဝင်နေထိုင်သူ ၂၀၀ ကျော် မလေးရှား ဖမ်းဆီး၊ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၈ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပ စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် အပတ်စဥ်ကဏ္ဍတွေကို စုစည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၃)
မက္ကဆီကိုမှာ သရဲပူးတယ်ဆိုတဲ့ ချပ်ကီအရုပ်နဲ့ သူ့ အောက်လမ်းဆရာ ရဲဖမ်းခံရ၊ ကမ္ဘာ့အကြီးဆုံး စံချိန်ချိုး ပေါင် ၃၀၀၀ ဖရုံသီး၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေ၊ လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ထိုင်းရောက် ကရင်ရိုးရာ အဝတ်အထည်ဖက်ရှင်ဆိုင် အကြောင်း နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ အောက်တိုဘာ ၁၅၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၁၅၊ ၂၀၂၃)
NCA အပစ်ရပ် ဆက်လက်ကျင့်သုံးဖို့ စစ်ကောင်စီအကြီးအကဲ ကတိပြု၊ ဂါဇာဒေသခံတွေ ဘေးလွတ်ရာ ထွက်ခွင့်မရအောင် တားဆီးခံနေရကြောင်း အစ္စရေးလ်စွပ်စွဲ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။