TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၁၅-၂၀၁၉)
- ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသ တူရကီရဲ့ ထိုးစစ်ဆင်မှုတွေ ရပ်ဖို့ အမေရိကန်သမ္မတ Donald Trump က ဖိအားပေး တိုက်တွန်းနေပါတယ်။ - ဒီမိုကရက်ပါတီ ကိုယ်စားပြု သမ္မတလောင်း တဒါဇင်လောက် ဒီကနေ့ စကားစစ်ထိုးပွဲ ဒီနေ့ ကျင်းပဖို့ ရှိပြီး မူဝါဒရေးရာအကြောင်းတွေ အခြေအတင် ဆွေးနွေးဖို့ရှိပါတယ်။ - EU ထဲကနေ ဗြိတိန် ခွဲထွက်ရေး ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး သဘောတူညီချက်ရဖို့ ဖြစ်နိုင်ခြေ ရှိနေသေးတဲ့အကြောင်း ဗြိတိန် ခွဲထွက်ရေးဝန်ကြီးက ပြောပါတယ်။