TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၁၅ ရက် ၂၀၂၃
သမ္မတဘိုင်ဒန် ဒုသမ္မတလက်ထက်က လျှို့ဝှက်မှတ်တမ်းတချို့ ထပ်တွေ့ခဲ့တာ၊ မြန်မာ့စပါးအုန်း အောင်လအင်ဆန်းက မြန်မာပြည်ငြိမ်းချမ်းရေး ဆုတောင်းပေးတာနဲ့ ကရင်ပြည်နယ်မှာ ဘာကြောင့် တိုက်ပွဲတွေ တိုးလာတယ်ဆိုတဲ့ သုံးသပ်ချက်တွေ အပြင် အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ ကမ္ဘာ့သတင်းတွေအပြင် စိုက်ပျိုး- စီးပွါးအစီစဉ်သစ်ကို တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၂
မိုင် ၅,၀၀၀ ခရီးကို လက်လှော် လှေကလေးနဲ့ ဖြတ်ကြမယ့် အမျိုးသမီးများ၊ ပုလဲနားကြပ်နားကပ်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ ခေါင်းကိုက်ဝေဒနာအကြောင်း လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ထိုင်းနိုင်ငံက ဒီဇိုင်နာပညာဒါနအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဇန်နဝါရီ ၁၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇန်နဝါရီ ၁၅ ၊ ၂၀၂၃
CNF ဌာနချုပ်ကို လေကြောင်းက တိုက်ခိုက်မှုမှာ အိန္ဒိဘက်ကို ကျည် ကျခဲ့မကျခဲ့ဘူးလို့ မီဇိုရမ်အစိုးရပြောလိုက်တာနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့ မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စုနဲ့ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို နားဆင်ကြရမှာပါ။