TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင်၁၄၊၂၀၂၃
ဗွီအိုအေမြန်မာနံနက်ခင်း ဇူလိုင်၁၄၊၂၀၂၃ မြန်မာ့အရေးအာဆီယံဗဟိုထားဖြေရှင်းဖို့ ကနေဒါထောက်ခံ၊ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ဖို့ မလုံခြုံသေးဘူးလို့ အမေရိကန် အထူးကိုယ်စားလှယ်ပြော စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍမှာ မြန်မာအရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၄၊ ၂၀၂၃)
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး စစ်ကောင်စီကို ဖိအားပေးဖို့ အာဆီယံကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Anthony Blinken က တိုက်တွန်း၊ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ ထိခိုက် သေကြေနေရတဲ့ အကြမ်းဖက်မှုတွေအပေါ် ပြင်းပြင်းထန်ထန် ထပ်မံ ရှုတ်ချကြောင်း နဲ့ ချက်ချင်းရပ်ဖို့ တိုက်တွန်းကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲ ကြေညာ၊ မြန်မာစစ်ကောင်စီက နိုင်ငံ တည်ငြိမ်ရေးလုပ်ဆောင်ဖို့ လိုနေသေးတယ်ဆိုပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ သက်တမ်းတိုးမယ့်သဘောမျိုး အရိပ်အမြွက်ပြော
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၁၄၊ ၂၀၂၃
စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဝန်ကြီး Blinken တိုက်တွန်း၊ မြန်မာကြောင့် အာဆီယံတွင်းသဘောထားကွဲမှုကြီးမားလာ၊ စစ်ကိုင်းစစ်ဘေးဒုက္ခသည် ကလေးငယ်တချို့ နာမကျန်းဖြစ်နေကြ၊ Hollywood သရုပ်ဆောင်၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာတွေ ဆန္ဒပြ၊ လကမ္ဘာပေါ်ဆင်းသက်မယ့်အာကာသယာဉ် အိန္ဒိယလွှတ်တင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။