TV Schedule
ဇူလိုင် ၁၄၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ယူကရိန်းထွက်ကောက်နှံ ပြည်ပတင်ပို့နိုင်ရေး ရုရှားနဲ့ဆွေးနွေး၊ ဗြိတိန်ဝန်ကြီးချုပ်သစ်ရွေးပွဲ ယှဉ်ပြိုင်သူ ၆ ဦးကျန်၊ မြန်မာစစ်ခေါင်းဆောင် ရုရှားခရီးစဉ်အပေါ် အကဲခတ်တွေအမြင်၊ မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ နောက်ဆုံးအခြေအနေ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင် လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစား အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၄၊ ၂၀၂၂)
အမေရိကန် သမ္မတ Joe Biden ဟာ အစ္စရေး ဝန်ကြီးချုပ် Yair Lapid နဲ့ တွေ့ဆုံပြီး အမေရိကန်ဟာ အစ္စရေးလုံခြုံရေးအတွက်အစဉ်အမြဲအလေးထားကြောင်းပြော၊ ယူကရိန်းနိုင်ငံ Vinnytsia မြို့ကို ကြာသပတေးနေ့က ရုရှားဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရ၊ သီရိလင်္ကာသမ္မတ Rajapaksa က အစောပိုင်းတုန်းက မော်လဒိုက်နိုင်ငံကို တိမ်းရှောင်သွားခဲ့ပြီး အခု စင်္ကာပူကို ခရီးဆက်နေ

ဗွီအိုအေ မြန်မာညချမ်း ဇူလိုင်၁၄၊ ၂၀၂၂
ဗြိတိန်သံရုံးတာဝန်ခံ ထွက်ခွာသွားမှု စစ်ကောင်စီနိုင်ငံခြားရေးဌာနရှင်းလင်း၊ စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ရှမ်းမြောက်တပ် တွေ့ဆုံ၊ ဒီပဲယင်းမှာ လေကြောင်းစစ်ဆင်မှုကြောင့် ဒေသခံတွေဘေးလွတ်ရာရှောင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။