TV Schedule
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် ဇွန် ၁၄၊ ၂၀၂၂။
စစ်အာဏာသိမ်းမှုနောက် မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အလွတ်သဘော ဆွေးနွေး၊ ကရင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေ အခြေအနေ၊ စားသုံးဆီ ဈေးထပ်တက်လာတဲ့ အကြောင်းနဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှ၊ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၄-၂၀၂၂)
ယူကရိန်း အရှေ့ပိုင်း Sievierodonetsk မြို့အလယ်ထိ ရုရှားတပ်တွေ ထိုးဖောက်လာနေတဲ့အကြောင်းယူကရိန်းပြော၊ အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် ဇန်ဝါရီလ ၆ ရက် လွှတ်တော် စီးနင်းခံရမှုအပေါ် စုံစမ်းစစ်ဆေးတဲ့ ကြားနာပွဲတွေ မှာ ရှေ့နေချုပ်ဟောင်း William Barr ဗွီဒီယိုကနေ သက်သေထွက်၊ မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီအနေနဲ့ ညှိုနှိုင်းလိုတဲ့ ဆန္ဒတစုံတရာ မပြတဲ့အပြင် သူတို့အာဏာခိုင်မြဲအောင်ဆက်လုပ်နေတဲ့အတွက် မြန်မာပြည်သူတွေ ပေးဆပ်နေကြရတယ်လို့ အမေရိကန်ပြော
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၁၄၊ ၂၀၂၂
မြန်မာ့လူ့အခွင့်အရေးအခြေအနေ သိသိသာသာကျဆင်းနေ၊ ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး၊ ကယား ဖရူဆိုမြို့အနီး ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကိုင်း ကန့်ဘလူမှာ စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက် ကျေးရွာတွေမီးရှို့နေ၊ ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်မှာ ထိုင်းလူမျိုး သေဆုံးမှုနဲ့ မြန်မာ ၃၀၀ ကျော် ဖမ်းခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးနဲ့ ကမ္ဘာတလွှားခရီးသွားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။