TV Schedule
၂၀၂၂ မေလ(၁၄)ရက် စနေနေ့ မနက်ခင်း VOA
မြန်မာ့အရေး အာဆီယံနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး ၊ အာဆီယံနဲ့ ဆက်ဆံရေး ခေတ်သစ်တခုအဖြစ် သမ္မတဘိုင်ဒင်ပြောကြား ၊ နယူးဒေလီ မီးလောင်မှု ၂၇ ဦးထက်မနည်းသေဆုံး၊ ထိပ်တန်းသတင်းတွေနဲ့အတူ ချောင်းဦးမြို့နယ် တိုက်ခိုက်မှုတွေအတွင်း နေအိမ်အချို့ မီးလောင်ပျက်စီး ၊ စစ်တပ်ကန့်သတ်ချက်ကြောင့် အမ်းမြို့နယ်မှာ စားနပ်ရိက္ခာရှားပါး စတဲ့ သတင်းပေးပို့ချက်နဲ့ အမျိုးသမီးကဏ္ဍ၊ သိပ္ပံနဲ့နည်းပညာ၊ သုတစုံလင် အမေရိကန်တခွင် အပတ်စဉ်များ။
ဗွီအိုအေ တပတ်အတွင်းသတင်း (မေလ ၁၄ ရက်၊ ၂၀၂၂)
အမေရိကန်၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဝါရှင်တန်မြို့တော်မှာ အောင်အောင်မြင်မြင်ကျင်းပ၊ NUG နိုင်ငံခြားရေးဝန်ကြီး ကန်ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ၊ သီရိလင်္ကာဆန္ဒပြမှုများနောက် ဝန်ကြီးချုပ် ရာထူးက ဆင်းပေး၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ မေလ ၁၄ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း မေ၁၄၊၂၀၂၂
အကြမ်းဖက်မှုရပ်ပြီး နိုင်/ကျဉ်းလွှတ်ဖို့ ကန်-အာဆီယံထိပ်သီးများတိုက်တွန်း၊ ကန်-အာဆီယံ ထိပ်သီးပူးတွဲထုတ်ပြန်ချက်ထဲ ရုရှားကိုရှုတ်ချမှုမလုပ်၊ ရုရှားကို စီးပွားရေး၊နိုင်ငံရေး အရေးယူမှုတွေတိုးမြှင့်ဖို့ G7 ဆွေးနွေး စတဲ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့နိုင်ငံတကာသတင်းတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။