TV Schedule
၂၀၂၂ မတ်လ(၁၄)ရက် VOA တနင်္လာ မနက်ခင်း
၂၀၂၂ မတ်လ(၁၄)ရက် VOA တနင်္လာမနက်ခင်း အစီအစဉ်မှာတော့ NATO အဖွဲ့ဝင်ဖြစ်တဲ့ ပိုလန်နိုင်ငံ နယ်စပ်အနီးထိ ရုရှားတို့ဘက်က ဒုံးကျည်နဲ့ တိုက်ခိုက်လာနေတဲ့အကြောင်း ၊ ကျူးကျော်စစ် ဆန့်ကျင်လို့ အဖမ်းခံရတဲ့ ရုရှားပြည်သူ ၁၄,၀၀၀ ကျော်ရှိသွားပြီ ၊ ဂျာမနီမှာ ရုရှားစစ် ဆန့်ကျင်ရေးဆန္ဒပြနေကြတဲ့ ထိပ်တန်းသတင်းတွေနဲ့အတူ KNU/KNLA တပ်မဟာ(၅)နဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိသိမ်းဆည်းထားတဲ့ အခြေအနေ ၊ စစ်ရေးမတည်ငြိမ်မှုကြောင့် မိမိပိုင်လယ်မြေကို စွန့်ပစ်ပြေးနေရလို့ ပလပ်မြေတွေ များလာတာ၊ သမ္မတ ပူတင်နဲ့နီးစပ်တဲ့ ဇိမ်ခံစီးပွားရေးလုပ်ငန်းရှင်တွေကို ထိန်းချုပ်ဖို့ လုပ်နေတဲ့အခြေအနေ ၊ ဂျပန် ဖူကူးရှီးမားမှာ ပြန်ပြည့်မြဲစွမ်းအင်ထုတ်ဖို့ ကြိုပမ်းနေတဲ့ အတိုင်းအတာ..စတဲ့ သတင်းပေးပို့ချက်။ မီဒီယာမြင်ကွင်းကျယ်၊ သောတရှင်ပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်း အပတ်စဉ်ကဏ္ဍများ။

နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၁၄-၂၀၂၂)
ပိုလန် နယ်စပ်နားက ယူကရိန်း စစ်အခြေစိုက် စခန်းကို ရုရှားက မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့လို့ လူတွေသေဆုံးခဲ့ပြီး နောက် ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တွေ ထပ်ပြီးဆွေးနွေး၊ ရုရှား က တရုတ်ဆီက စီးပွားရေး နဲ့ စစ်လက်နက် အကူအညီတောင်းခဲ့တယ်လို့ အမေရိကန်အရာရှိတွေ ပြော၊ ဆုရ အမေရိကန် သတင်းသမား Brent Renaud ဟာ ယူကရိန်းနိုင်ငံမှာ ပစ်ခတ်ခံရလို့ မနေ့က သေဆုံး
VOA ရေဒီယိုညပိုင်း မတ်၁၄၊၂၀၂၂
KNU နဲ့ စစ်ကောင်စီတပ်အကြား ကြာအင်းဆိပ်ကြီးမြို့မှာအပြန်အလှန်ပစ်ခတ်၊ အဂတိမှုစွဲချက် တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ငြင်းဆန်ထွက်ဆို၊ ယူကရိန်းမြို့တော်ဝန်းကျင် တိုက်ပွဲများဆက်ဖြစ်ပွား စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။