TV Schedule
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
အာဆီယံ Plus အစည်းအဝေးကို စစ်ကောင်စီ အသုံးချမှာ အမေရိကန်စိုးရိမ်၊ NUG နိုင်ငံခြားရေးဝန်ကြီးရုံး ဝါရှင်တန်မှာဖွင့်လှစ် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေနဲ့အတူ ကရင်နီဒေသ လူ့အခွင့်အရေးအခြေအနေ တွေ့ဆုံမေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း အပတ်စဉ် အစီအစဉ်တွေကိုလည်း တင်ပြမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃)
ယူကရိန်းနိုင်ငံကို နောက်ထပ် လက်နက် ခဲယမ်းတွေ ကတိကဝတ်နဲ့အညီ ပေးအပ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှုးချုပ် Jen Stoltenberg ကပြောဆိုပါတယ်။အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ မဟာမိတ် ဖိလစ်ပိုင်နိုင်ငံ တိုက်ခိုက်ခံရရင် ခုခံ ကာကွယ်ပေးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ထပ်သတိပေးလိုက်ပါတယ်။ မြန်မာ စစ်တပ်ကို လက်နက်မရောင်းတာ ကြာပြီလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပါလီမန်မှာ ဖြေကြား ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဖဖေော်ဝါရီ ၁၄ ၊ ၂၀၂၃
ဝိုင်းမော်က စစ်ကောင်စီ ဒုတပ်ရင်းမှုးကို KIA ဖမ်းဆီး၊ မြန်မာကို လက်နက်ရောင်းခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ၊ ဆိုရှယ်မီဒီယာပေါ်က တမိနစ်စာသတင်းတိုလေးတွေ၊ ကမ္ဘာတလွှားခရီးသွားနဲ့ နေရာပေါင်းစုံအကြောင်းစုံတို့ကို နားဆင်ရမှာပါ။