TV Schedule
ဒီဇင်ဘာ ၁၄၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
နျူကလီးယား ပေါင်းစည်းမှု အမေရိကန် စမ်းသပ်အောင်မြင်၊ အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်၊ မြန်မာသတင်းသမားတွေ အပြစ်ပေးခံနေရတဲ့အပေါ် မီဒီယာလွတ်လပ်ခွင့်အဖွဲ့တွေဝေဖန် စတာတွေအပြင်၊ အမေရိကန်နိုင်ငံရေး၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၄၊ ၂၀၂၂)
ရုရှားက အီရန်လုပ် ဒရုန်းယာဉ်တွေနဲ့ ယူကရိန်းမြို့တော် Kyiv ကို တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရအဆောက်အဦး၂ ခု ပျက်ဆီးသွားတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။ အမေရိကန်ရဲ့အရေးပါတဲ့နည်းပညာတချို့နဲ့ စစ်လက်နက်ပစ္စည်းတချို့ကို ရုရှားစစ်တပ်အတွက် တရားမဝင်ရယူခဲ့တယ်ဆိုတဲ့ စွပ်ချက်နဲ့ ရုရှားနိုင်ငံသား ၅ ဦးနဲ့အမေရိကန်နိုင်ငံသား ၂ ဦးတို့ကို တရားစွဲဆိုထားကြောင်း အမေရိကန် တရားရေးဌာနတာဝန်ရှိသူတွေကထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ စီရင်နေတဲ့အပေါ် နိုင်ငံတကာ မီဒီယာလွတ်လပ်ခွင့် အဖွဲ့တွေက ဝေဖန်လိုက်ကြပြီး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ကြပါတယ် ...ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၁၄၊ ၂၀၂၂
လိင်တမူကွဲလက်ထပ်မှုကာကွယ်တဲ့ဥပဒေ အမေရိကန်မှာပြဌာန်း၊ မြန်မာ့ပြဿနာ ၅ နှစ်ထက်မနည်းကြာနိုင်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော၊ ကောလင်းရွာ ၇ ရွာမီးရှို့ခံရ၊ အလောင်း ၅ လောင်းတွေ့ စတဲ့သတင်းတွေအပြင် ရွေးကောက်ပွဲကြောင့် ပြဿနာ ပြေလည်မလား သုံးသပ်ချက်ပါတဲ့ အပတ်စဉ်ကဏ္ဍတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။