TV Schedule
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေး နံနက်ခင်း (အောက်တိုဘာလ ၁၄ ရက်)
ဗွီအိုအေ မြန်မာပိုင်း ကြာသပတေး နံနက်ခင်း (အောက်တိုဘာလ ၁၄ ရက်) အိန္ဒိယကုမ္ပဏီ မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတဲ့ သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ အာဆီယံထိပ်သီးစည်းဝေးပွဲ မြန်မာဖိတ်ကြားခံရဖို့ ရှိမရှိ သုံးသပ်ချက် စတာတွေနဲ့အတူ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ အားကစားကဏ္ဍ၊ လူထုနဲ့ ကျန်းမာရေး စတဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၀-၁၄-၂၀၂၁)
အမေရိကန်သမ္မတ Joe Biden ဟာ ကုန်စည်စီးဆင်းမှုတွေမှာ အဟန့်အတားဖြစ် ပိတ်ဆို့နေတာတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်သူတွေ နဲ့ ဆွေးနွေး၊ ကိုဗစ် 19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေး ပြန်ပြီး ဦးမော့လာစေမယ့် အစီအစဉ်တွေ ဆက်လုပ်မယ့် အကြောင်း G-20 နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေ ကတိပေး၊ နော်ဝေနိုင်ငံ Kongsberg မြို့မှာ အမျိုးသားတဦး လေးနဲ့ မြှားအသုံးပြု တိုက်ခိုက်မှုကြောင့် လူ ၅ ယောက်သေဆုံး
ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
အောက်တိုဘာ ၁၄ - စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဖိတ်မဖိတ် အာဆီယံ ဝန်ကြီးတွေ သောကြာနေ့ ဆွေးနွေးမယ်၊ ရှေ့နေကြီးဦးခင်မောင်ဇော် အမှုကိစ္စများပြောဆိုခွင့် ပိတ်ပင်ခံရ စတဲ့ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းများ၊ ဖလမ်းနဲ့ဟားခါးမှာ တိုက်ပွဲဖြစ်ဆဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါငါးဦးအမှု တရားခွင် အငြင်းပွား၊ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်၊ ကျောင်းတွေပြန်ဖွင့်ရေးအလားအလာ။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။