TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၄) ပင်လယ်နီထဲ ဟူသီအဖွဲ့တိုက်ခိုက်မှုကိစ္စ အီရန်ကို အမေရိကန် သီးသန့်စာပို့ ဆွေးနွေး၊ စာနာကူညီရေးလုပ်ငန်းတွေမှာ NUG နဲ့ ပူးပေါင်းဖို့ နိုင်ငံတကာကို NUG တိုက်တွန်း၊ တရုတ်ခြိမ်းခြောက်မှုတွေက ကာကွယ်ဖို့ ထိုင်ဝမ် ရွေးကောက်ခံ သမ္မတ Lai ကတိပြု စတဲ့ ထိပ်တန်း သတင်းတွေနဲ့အတူ တနင်္ဂနွေ မနက်ခင်း အပတ်စဥ်ကဏ္ဍတွေကို စုစည်း တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇန်နဝါရီ ၁၄၊ ၂၀၂၄)
အမေရိကန်မှာ ခွေးလေးတကောင် ပိုက်ဆံ ဒေါ်လာ ၄,၀၀၀ ကို ကိုက်ပစ်၊ ဂျပန်က တူနာငါး ဒေါ်လာ ၈ သိန်းရ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အမေရိကန်ရေတပ်အရာရှိ လီဆူးတိုင်းရင်းသား လူငယ်ပြောတဲ့ အမေရိကန် အိပ်မက် GenZ အစီအစဉ်၊ နောက်တော့ မလေးရှားမှာ မြန်မာတွေရှိတဲ့ လန်ကာဝီကျွန်း နေရာပေါင်းစုံ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၄ ဇန်နဝါရီ ၁၄၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၁၄၊ ၂၀၂၄)
ဟာမတ်စ်အဖွဲ့အပေါ် အောင်ပွဲရတဲ့အထိတိုက်ဖို့ အစ္စရေးဝန်ကြီးချုပ် ကတိပြု၊ ရွေးကောက်ပွဲအနိုင်ရ ထိုင်ဝမ်သမ္မတလောင်းကို ချီးကျုးသူတွေ တရုတ်ကန့်ကွက် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။