TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၁၄ ရက် ၂၀၂၃ စနေနေ့
ကြာအင်းဆိပ်ကြီး မြို့နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေတာ၊ ကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့တွေ့ဆုံမှု သတင်းတွေ၊ အဖွဲ့အားလုံးနဲ့ အာဆီယံဆက်ဆံရေးကို စစ်ကောင်စီ ဘာကြောင့် သတိပေးရသလဲ ဆန်းစစ်သူတွေရဲ့ အမြင်နဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၃
မူးယစ်မှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းခံထားရတဲ့ ဒေါက်တာထွန်းမင်းလတ်ဆီမှာ စစ်ကောင်စီအကြီးအကဲ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ တွေ့၊ ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံတဝန်း လူဦးရေစာရင်းတွေကောက်ယူ၊ ဒီလို တပတ်အတွင်းမြန်မာသတင်းများနဲ့ လယ်ယာစီးပွားသတင်းတွေ၊ နောက်ပိုင်းမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွှတ်ပေးတာတွေအပေါ် ဘယ်လို အမြင်တွေရှိပါလဲဆိုတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၃ ဇန်နဝါရီ ၁၄ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၁၄၊ ၂၀၂၃)
အီရန်မှာ ကာကွယ်ရေး ဒုဝန်ကြီးဟောင်းကို ကွပ်မျက်၊ တရုတ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တလကျော်အတွင်း ၆ သောင်းနီးပါးရှိ စတဲ့နောက်ဆုံးရ သတင်းတွေ၊ စစ်ဘေးအန္တရာယ်ကြားက ဆရာဆရာမတွေအကြောင်း ဒို့အသံ၊ လူမျိုး ဘာသာစွဲနဲ့ မြန်မာ့နိုင်ငံရေး သုံးသပ်ထားတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ “လယ်ယာစီးပွား သတင်းများ” အစီအစဉ်သစ်နဲ့ တပတ်အတွင်း မြန်မာသတင်းတွေ စုစည်း တင်ပြထားပါတယ်။