TV Schedule
ဇူလိုင် ၁၃၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
မြန်မာနဲ့ ရုရှား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ဆွေးနွေး၊ IS ထိပ်တန်းခေါင်းဆောင်တဦး အမေရိကန်ဒရုန်း ထိမှန်သေဆုံး၊ မြ၀တီနဲ့ ဝေါ်လေလမ်းမှာ စစ်ကောင်စီနဲ့ KNU တိုက်ပွဲဖြစ် စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အပတ်စဉ် ကဏ္ဍတွေကိုလည်း နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၁၃-၂၀၂၂)
ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းတွေကနေ ဂျုံ နဲ့ ကောက်ပဲသီးနှံတွေပြန်တင်ပို့နိုင်ဖို့ ရုရှား၊ ယူကရိန်း၊ တူရကီနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေအစ္စတန်ဘူလ်မှာ တွေ့ဆုံ၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အရှေ့အလယ်ပိုင်း ခရီးစဉ်ရဲ့အစ အစ္စရေးနိုင်ငံကို ဒီကနေ့ သွား၊ မြန်မာစစ်ကောင်စီနဲ့ ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင်အေဂျင်စီတို့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင်၁၃၊ ၂၀၂၂
မြန်မာနဲ့ရုရှား နူစွမ်းအင်ဆိုင်ရာစာချုပ် လက်မှတ်ထိုး၊ ရခိုင် မာန်အောင်ကျွန်းမှာ မပေါက်ကွဲသေးတဲ့ တော်ပီတိုကျည်တွေ့ရှိ၊ ကျောက်ကြီးမြို့နယ် မုန်းဒေသတွင်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။