TV Schedule
အင်္ဂါနေ့ နံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံ အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု
အင်္ဂါနေ့ နံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံ အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု စစ်အာဏာသိမ်းမှု နောက်ဆုံးရ သတင်းတွေ၊ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ ချမှတ်ခဲ့တဲ့ အကြောင်း ၊ကချင်ဘက်က တိုက်ပွဲ၊ ချင်းပြည်နယ် ကလေးမြို့မှာ Covid-19 အရေး ကြုံနေရတဲ့ အခက်အခဲတွေ၊ ထိုင်းဘက်မှာ မြန်မာဘက်က ၀င်ရောက်သူတွေ ဖမ်းခံရတဲ့ အကြောင်း စတဲ့သတင်းလွှာတွေကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။ အပတ်စဉ် ကဏ္ဍတွေထဲမှာတော့ စီးပွားရေးနဲ့ ဘလော့ဂါတွေ ပြောသမျှ အစီအစဉ်တို့ကို ထုတ်လွှင့်ပေးမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၁၃-၂၀၂၁)
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ တနေ့တည်း ၅,၀၀၀ ကျော်အထိ တိုးလာ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲအမှုတချို့ ဒီကနေ့ ဆက်လက်ကြားနာ၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ ကျူးလွန်မှုတွေကြောင့် မြန်မာအပါအ၀င် နိုင်ငံတချို့ကို အမေရိကန် ထပ်တိုး ဒဏ်ခတ်နိုင်ဖွယ်ရှိ.. စတဲ့သတင်းတွေ အပါအ၀င် သတင်းနဲ့သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။နောက်ဆုံးရ မြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အမှုများနောက်ဆုံးအခြေအနေ၊ ရန်ကုန်က သုသာန်တွေမှာ မီးသဂြိုင်္လ်သူ အဆမတန်များပြားလာ၊ ကိုဗစ်ရောဂါသည်တွေအတွက် အောက်ဆီဂျင်လိုအပ်ချက်ကြီးနေဆဲ၊ ကနီမြို့ ယင်းရွာအနီးမှာ အလောင် ၁၅ လောင်းတွေ့ရှိတဲ့သတင်းတွေ နားဆင်ရပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ အင်္ဂါနေ့ညစကားဝိုင်းနဲ့ အမေရိကန်နိုင်ငံရေးတို့ကို ထုတ်လွှင့်ပေးပါမယ်။ VOA ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။