TV Schedule
၂၀၂၂ ဇွန်လ(၁၃) တနင်္လာမနက် VOA
အကြမ်းဖက်ပစ်ခတ်မှု တုံ့ပြန်ရေးမူဘောင် ကန်အထက်လွှတ်တော် ပါတီ နှစ်ရပ် သဘောတူ ၊ တရုတ်ကို အမေရိကန် ချောင်ပိတ်ဖို့ကြိုးပမ်းလျှင် ထိပ်တိုက်တွေ့မည်...စတဲ့ နောက်ဆုံးရသတင်းတွေနဲ့ မွန်ပြည်နယ် မုပ္ပလင်လမ်းဆုံမှာ စစ်ကောင်စီတပ်နဲ့ KNLA/PDF တို့ တိုက်ပွဲဖြစ်၊ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက ရှင်သန်နေရတဲ့ မြန်မာမီဒီယာများ- သတင်းပေးပို့ချက်နဲ့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပေးစာ၊ သတင်းထဲကသုတ၊ ထူးခြားဆန်းပြားသတင်း သီတင်းပတ်စဉ်ကဏ္ဍများ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၃-၂၀၂၂)
ရုရှား ထိုးစစ်ပြင်းထန်နေတဲ့ ယူကရိန်း အရှေ့ပိုင်းမြို့ Sievierodonetsk မှာ ခေတ်မီ ဒုံးကျည် ကာကွယ်ရေး စနစ် လိုအပ်နေတယ် လို့ ယူကရိန်း သမ္မတပြော၊ အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၆ ရက် လွှတ်တော်ဝင်စီးတဲ့ ဖြစ်ရပ်အပေါ်ဒုတိယအကြိမ် အများပြည်သူ့ရှေ့မှောက် ကြားနာမည်၊ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် (၄) ဦးကို သေဒဏ်အတည်ပြုထားနဲ့ ပတ်သက်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဆီကို မြန်မာစစ်ကောင်စီရှင်းလင်း
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၁၃၊ ၂၀၂၂
ကရင်ပြည်နယ်၊ ဝေါလေမြို့အ၀င်က ရဲစခန်း KNLA နဲ့ ပူးပေါင်းတပ်တွေ စီးနင်း၊ ချင်း၊ ကန်ပက်လက်နဲ့ စစ်ကိုင်း၊ ကလေးမြို့မှာ တိုက်ပွဲများဖြစ်ပွား၊ ပလက်ဝမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ ပိုများလာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အကတိမှုတွေ နေပြည်တော်မှာ ထပ်မံစစ်ဆေး စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။