TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း(ဧပြီလ ၁၃ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း(ဧပြီလ ၁၃ ရက်၊ ၂၀၂၄) ထောက်ပံ့ရေး ထရပ်ကားတွေ ဂါဇာထဲဝင်လာတဲ့ ဗီဒီယို အစ္စရေးလ်ပြသ၊ ကန် ဂျပန် ဖိလစ်ပိုင် အုပ်စုဖွဲ့ ခြယ်လှယ်မှု တရုတ်ကန့်ကွက်၊ ၁၉၈၂ မြန်မာနိူင်ငံသာဥပဒေ NUCC ပယ်ဖျက်မှု မလေးရှားအကြံပေးအဖွဲ့ကြိုဆို စတဲ့ သတင်းတွေနဲ့ အပတ်စဉ်အစီအစဥ်ထဲမှာတော့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဧပြီ၊ ၁၃၊ ၂၀၂၄)
ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာမှာ ထိုင်းလေပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် တုံ့ပြန်မယ်လို့ ထိုင်းပြော၊ နေပြည်တော် အေလာ လေတပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေ ရှော့တိုက် ဒုံးတွေနဲ့ ပစ်ခတ်၊ ဒီလို တပတ်အတွင်း သတင်းများ၊ ကုလလုံခြုံရေးကောင်စီ အရေးယူနိုင်ရေးအလားအလာ ဆက်သွယ်မေးမြန်းချက်နဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဧပြီ ၁၃၊ ၂၀၂၄
ခြောက်ကပ်နေတဲ့ သင်္ကြန်အကြိုနေ့၊ မြဝတီမြို့မှာ တိုက်ပွဲ ငြိမ်သက်၊ ကျပ်နဲ့ ရူပီးငွေလဲလှယ်ရေးစနစ် လွယ်ကူပြီလို့ အိန္ဒိယပြော၊ အီရန်တပ်တွေ ကုန်သင်္ဘောတစီးကို စီးနင်းသိမ်းယူ၊ Sydney မြို့မှာ ဓါးထိုးတိုက်ခိုက်မှု ၆ ဦးသေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။