TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၁၃၊ ၂၀၂၃)
ကန့်ဘလူမြို့နယ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အပြင်းအထန် ရှုတ်ချတဲ့အကြောင်း အာဆီယံ အအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ကြေညာချက် ထုတ်ပြန်ပါတယ်။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးသူ အရေအတွက် နောက်ဆုံး ကောက်ယူရရှိသလောက် ၁၆၈ ယောက် ရွိခဲ့တယ်လို့ စာရင်းကောက်ယူရေး ဆောင်ရွက်တဲ့ တိုက်နယ်တာဝန်ခံက ပြောပါတယ်။ သင်္ကြန်အကြိုနေ့ နေရာတော်တော်များများ ရေကစားပွဲတွေ ဆင်နွဲကြသလို မြို့နယ်တချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ သတင်းတွေလည်းရှိ ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဧပြီ ၁၃၊ ၂၀၂၃
သမ္မတဘိုင်ဒန် အိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ၊ ပဇီကြီးရွာတိုက်ခိုက်မှု လုံခြုံရေးကောင်စီမှာ ဆွေးနွေး၊ ဒီတိုက်ခိုက်မှု အာဆီယံအပြင်းအထန် ပြစ်တင်၊ ပဇီကြီးကျေးရွာမှာ ၁၆၈ ယောက်ထက်မနည်း သေဆုံးခဲ့၊ သင်္ကြန်အကြိုနေ့ နေရာတချို့ဗုံးကွဲ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။