TV Schedule
ဗွီအိုအေ မြန်မာမနက်ခင်း မတ်လ ၁၃၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမှာ သံဃာနဲ့အရပ်သား ၃၀ကျော်အသတ်ခံရ၊ ရိုဟင်ဂျာဒုက္ခသည်စခန်း လောင်ကျွမ်းမှု "ရှို့မီး" ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့သတ်မှတ်စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ်လ ၁၃၊ ၂၀၂၃)
ယူကရိန်း အရှေ့ပိုင်း Bakhmut မြို့ ထိန်းချုပ်ရေးအတွက် ယူကရိန်း နဲ့ ရုရှားတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွား၊ အမေရိကန်ပြည်ထောင်စုမှာ အဓိက ဘဏ်ကြီးနှစ်ခု ပြိုလဲသွားတာနဲ့ ပတ်သက်ပြီး အစိုးရဘက်က တုံ့ပြန်ဆောင်ရွက်မယ့် အစီအစဉ်တွေကို သမ္မတ Joe Biden ပြောဆိုဖို့၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပြစ်တင် ဝေဖန်ထားတဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ဆုံးဖြတ်ချက်ကို အခြေခံပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ထပ်တိုးလုပ်ဆောင်ဖို့ လူ့အခွင့်အရေးအဖွဲ့ HRW တိုက်တွန်း
ဗွီအိုအေမြန်မာညချမ်း မတ် ၁၃၊ ၂၀၂၃။
ယူကရိန်းအရှေ့ခြမ်း နှစ်ဘက်တိုက်ပွဲပြင်းထန်၊ တရုတ်၊အမေရိကန်ပူးပေါင်းဆောင်ရွတ်ရေး အကျိုးအမြတ်များ တရုတ်ဝန်ကြီးချုပ်လီပြောကြား၊ အော်စကာဆုပေးပွဲ သမိုင်းတွင်မှုအဖြစ် အာရှမင်းသမီး ပထမဆုံးအကြိမ် အကောင်းဆုံးဇာတ်ဆောင်ဆုရရှိ၊ ဒီလို ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေ၊ အစိုးရချင်းအစီအစဉ်နဲ့ ထိုင်းရောက်အလုပ်သမားတချို့ အခက်ကြုံ၊ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်း၊ တီးတိန်ပြည်သူ့ဆေးရုံးက စစ်တပ် PDF ဝင်တိုက်၊ မန္တလေးလူယက်မှုများပြား ဒီလို မြန်မာနိုင်ငံဆိုင်ရာ သတင်းပေးပို့ချက်တွေအပြင် စီးပွားရေး၊ လှုမှုမြင်ကွင်းအပါအဝင် အပတ်စဉ်ကဏ္ဍတွေကို မတ်လ ၁၃ ရက်၊ ၂၀၂၃ ဗွီအိုအေမြန်မာညချမ်း အစီအစဉ်မှာ တင်ပြထားပါတယ်။