TV Schedule
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
တူရကီမှာ ငလျင်ကြောင့် သေဆုံးသူ ၃ သောင်း ၃ ထောင်ကျော်၊ ကနေဒါနိုင်ငံ ဝေဟင်မှာ ပစ်ချခဲ့တဲ့ အရာဝတ္ထု အပျက်အစီးတွေရှာဖွေ၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃)
တူရကီနဲ့ ဆီးရီးယား ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်ပြီး ကျန်ရစ်သူတွေဆက်လက်ရှင်သန်ရေး ကို လုပ်ဆောင်ရတော့မယ်လို့ ကုလသမဂ္ဂ ကူညီထောက်ပံ့ပေးရေးအဖွဲ့ အကြီးအကဲ Martin Griffiths ပြော၊ ရုရှားထိုးစစ်တွေကို ခုခံဖို့ တိုက်လေယာဉ်တွေထောက်ပံ့ပေးဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းသမ္မတ Zelenskyy က တောင်းဆို၊ အမေရိကန်နဲ့ ကနေဒါနယ်စပ်မှာ အမျိုးအမည်မသိ အရာဝတ္ထုကို ကို ပစ်ချဖို့ အမေရိကန် သမ္မတ Joe Biden အမိန့်ပေး
ဗွီအိုအေ မြန်မာညချမ်း ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၃
စစ်အုပ်ချုပ်မှုအောက် ကျင်းပရတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ ပုလောမှာ တိုက်ပွဲပြင်းထန်လာ၊ ဖားကန့်၊ လုံးခင်းမှာ မြေစာပုံပြိုကျမှုကြောင့် ၂ ဦးသေ စတာတွေနဲ့ ကရင်နီပြည်အတွင်းက စစ်တပ်ရဲ့ လူ့အခွင့်အရေးအခြေအနေအကြောင်း တွေ့ဆုံ မေးမြန်းခန်း၊ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေးနဲ့ လူမှုမြင်ကွင်းတို့ကို နားဆင်ရမှာ။