TV Schedule
ဒီဇင်ဘာလ ၁၃၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ရှိတဲ့ အကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းက အိမ်တွေ မီးရှို့ခံရတဲ့ အခြေအနေ၊ စစ်ရှောင်တွေ အတွက် အခက်အခဲကြားက ကူညီနေကြတဲ့ အကြောင်း စတဲ့ သတင်းတွေ အပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၃၊ ၂၀၂၂)
ရုရှားရဲ့ တိုက်ခိုက်မှုဒဏ် ခံနိုင်အောင် ယူကရိန်းကို အကူအညီပေးမယ့် နိုင်ငံတကာ အလှူရှင်တွေရဲ့ ညီလာခံတစ်ရပ် ပြင်သစ်ကမှာ စတင်ကျင်းပပါတယ်။အီရန်နိုင်ငံအတွင်း ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုအတွက် အီရန်ဘာသာရေး ခေါင်းဆောင်တွေ နဲ့ အခြားတာဝန်ရှိသူတွေကို ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေက အရေးယူမှု အသစ်တွေပြဌာန်းလိုက်ပါတယ်။ကုလသမဂ္ဂ အထွေထွေညီလာခံ Credential ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိပြီး နိုင်ငံကိုယ်စားပြုမှုအရေးကိုတော့ ဆိုင်းငံ့ထားလိုက်ပါတယ် ...ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း ဒီဇင်ဘာ ၁၃ ၊ ၂၀၂၂
ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ်ဆက်ခန့်ထားမှုအပေါ် သုံးသပ်ချက်၊ NCA လက်မှတ်ထိုး ၇ ဖွဲ့ စစ်ကောင်စီတွေ့ဆုံမယ့်အစီအစဉ်ပျက် စတာတွေနဲ့ အပတ်စဉ်ကဏ္ဍမှာတော့ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာ၊ ဆိုရှယ်မီဒီယာပေါ်မှာလူကြည့်များတဲ့ သတင်းတိုလေးတွေနဲ့ မညိုညိုလွင်ရဲ့ နေရာပေါင်းစုံအကြောင်းစုံတို့ နားဆင်ရမှာပါ။