TV Schedule
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၁၂ ရက်၊ ၂၀၂၃)
မြန်မာနိုင်ငံမှာ တိုင်းနဲ့ပြည်နယ် ၅ ခုမှာ ရေကြီးပြီး သေဆုံးရသူ ၅ ဦးထက်မနည်းရှိနေတာ၊ ဆူဒန်မှာ လူ သန်း ၂၀ကျော် အငတ်ဘေးသင့်နေတာ၊ မုံရွာဓါးမြတိုက်သူတွေကို ဖမ်းမိထားတယ်လို့ Guardian Force အဖွဲ့ကပြောတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
၁၉:၀၀ - ၁၉:၃၀
ဗွီအိုအေ တပတ်အတွင်းသတင်း (ဩဂုတ် ၁၂ ရက်၊ ၂၀၂၃)
စစ်ကောင်စီခန့်အပ်တဲ့ သံတမန်ကို လက်နက်ပြပွဲဖိတ်ကြားခဲ့လို့ တောင်ကိုရီးယားအစိုးက ဝေဖန်ခံရ၊ နိုင်ငံတဝန်း မိုးကြီး၊မြေပြို ရေဘေးကြုံတွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ မြဝတီအသွား လမ်းကျိုးပြတ်လို့ နယ်စပ်ကုန်သွယ်ရေး ရပ်လုဖြစ်နေ အပါအဝင် လယ်ယာစီးပွား သတင်းတွေ၊ နောက် တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၃၊ ဩဂုတ်၁၂ စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်