TV Schedule
ဗွီအိုအေမြန်မာပိုင်းနံနက်ခင်း ဇူလိုင်၁၂၊၂၀၂၃
ဗွီအိုအေမြန်မာပိုင်းနံနက်ခင်း ဇူလိုင်၁၂၊၂၀၂၃ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကိုလျှို့ဝှက်သွားရောက်ခဲ့၊ အခုနှစ် NATO ထိပ်သီးစည်းဝေးမှု သမိုင်းဝင်အခိုက်အတန့်ဟု သမ္မတ Biden သုံးနှုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံရေး၊ဆိုရှယ်မီဒီယာပေါ်လူကြည့်များသတင်းများ၊ ကမ္ဘာတလွှားခရီးသွားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၂၊ ၂၀၂၃)
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pra-mu-dwi-nai က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ သွားရောက် တွေ့ဆုံခဲ့တဲ့အကြောင်း ပြောပါတယ်။မြန်မာ့အရေး ချဉ်းကပ်မှုတိုင်းဟာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို ပံ့ပိုးပေးဖို့လိုတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ပြောဆိုပါတယ်။နေတိုး မဟာမိတ် အဖွဲ့ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့ ဒီနေ့မှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy နဲ့ ဥရောပခေါင်းဆောင်တွေ တွေ့ဆုံ...စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။