TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၁၂ ရက် ၂၀၂၂
ကလေးတွေ အပေါ် မတရားကျူးလွန်တဲ့ အထဲ မြန်မာစစ်တပ်ကို ကုလကထည့်သွင်းတာ၊ ရုရှားက အီရန်ဆီက လက်နက်ရယူမယ်လို့ အမေရိကန်က ယုံကြည့်တာနဲ့ ကမ္ဘာ့လူဦးရေ သန်း ၈ ထောင်ပြည့်တော့မယ့် သတင်းတွေ၊ စစ်ကောင်စီ တပ်သား ၅ ဦး KNU ဆီခိုလှုံတာနဲ့ ဗြိတိန်ဝန်ကြီးချုပ် နှုတ်ထွက်မှု ကြောင့် ယူကရိန်းအရေး အပေါ် ရိုက်ခတ်မှု အခြေနေ အပြင် သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ကာတွေပြောသမျှ၊ သက်တန့်ရောင် အပတ်စဉ်ကဏ္ဍ တွေကိုတင်ဆက်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၁၂-၂၀၂၂)
ယူကရိန်းနိုင်ငံတောင်ပိုင်း Kherson ဒေသ ယူကရိန်းတပ်တွေဘက်က တိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက ကွဲလွဲပြောဆို၊ ၂၀၂၁ ဇန်နဝါရီ ၆ ရက် အမေရိကန် လွှတ်တော်စီးနင်းမှုကို စုံစမ်းစစ်ဆေးနေတဲ့ ကော်မတီက အင်္ဂါနေ့ ကြားနာပွဲ ဆက်ကျင်းပဖို့ရှိ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွဲဆိုတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ကန့်ကွက်ချက်ကို နိုင်ငံတကာတရားရုံး ICJ က ဇူလိုင် ၂၂ ရက်နေ့ မှာ အဆုံးအဖြတ်ပေးမည်
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၁၂၊၂၀၂၂
မြန်မာစစ်ခေါင်းဆောင် ရုရှားသွားရောက်၊ ဂမ်ဘီယာစွဲဆိုမှု မြန်မာကန့်ကွက်ချက် ICJ ဆုံးဖြတ်ပေးတော့မည်၊ ဝါဆိုလပြည့်နေ့မှာ ရန်ကုန်နေရာသုံးနေရာထက်မနည်း ဗုံးပေါက်ကွဲ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွားတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။