TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း
ဗွီအိုအေ ရေဒီယိုမနက်ပိုင်း ဇွန် ၁၂၊၂၀၂၂ မြန်မာ့အရေးအဖြေရှာဖို့ ရှန်ဂရီလာလုံခြုံရေးအစည်းအဝေးမှာဆွေးနွေး၊ ချင်းပြည်နယ်ကန်ပက်လက်မှာတိုက်ပွဲပြင်းထန်နေ၊ ရှမ်းပြည် ကျောက်မီးသွေးတွင်း စွန့်ပစ်ဘေးထွက်ဆိုးကျိုးများစတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့နိုင်ငံတကာသတင်းအနှစ်ချုပ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇွန်လ ၁၂ ရက်၊ ၂၀၂၂)
ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါအကြောင်း လူထုနဲ့ကျန်းမာရေး၊ ချားလ်စ်ဒါဝင်နဲ့ ခရီးသွားမယ့် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇွန်လ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ ရေဒီယို ဇွန် ၁၂၊ ၂၀၂၂
မြန်မာ့အရေး အချိန်သတ်မှတ်ဖြေရှင်းဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အဆိုပြု၊ လက်နက်ကိုင်တော်လှန်ရေးကို စစ်ကောင်စီ နှိမ်နင်းနိုင်မည်မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးပြော၊ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာလူငယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေး၊ ယူကရိန်းက စစ်ဘေးရှောင်လူငယ်တွေအတွက် ဘောလုံးလေ့ကျင့်ပွဲ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပး၊ သတင်းတွေထဲကသုတနဲ့ ကမ္ဘာတလွှားထူးခြားဆန်းပြား သတင်းများ တို့ကို တင်ဆက်ပေးသွားပါမယ်။