TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မေလ ၁၂ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (မေလ ၁၂ ရက်၊ ၂၀၂၄) မြန်မာဒုက္ခသည်တွေ ပြန်မပို့ဖို့ အိန္ဒိယကို ICJ တောင်းဆိုတာ၊ ဂါဇာမှာ ရာဖါတဝိုက်က အရပ်သားတွေ ဖယ်ရှားဖို့ အစ္စရေးကြေညာတာ၊ ရန်ကုန်မော်လမြိင် သွားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲခံရတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၁၂၊ ၂၀၂၄)
သစ်ရွက်တွေနဲ့ ဆေးကုတဲ့ ဒေါက်တာမျောက်ဝံ၊ အလှဆုံး ဖူဂျီတောင်မြင်ကွင်းကို တံတိုင်းနဲ့ ဖုံးကွယ်မယ့်သူများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အမေရိကန်က အစ္စရေးဆန္ဒပြပွဲတွေ တားဆီးခံရတဲ့ကိစ္စ လူငယ်တွေအမြင် GenZ အစီအစဉ်၊ ဂျာမဏီမှာ အလည်ထွက်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ မျှော်လင့်ချက်နဲ့ လက်တွေ့ ထပ်တူမကျတဲ့ လူငယ့်ဘဝအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၁၂ ရက်၊ ၂၀၂၄)
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၁၉ ဦးသေဆုံး၊ အင်ဒိုနီးရှား ရေးကြီးမှု အနည်းဆုံး လူ ၁၂ ဦး သေဆုံး စတာတွေအပြင် ရိုဟင်ဂျာတွေရဲ့အခက်အခဲ၊ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများတို့ကို တင်ဆက်ထားပါတယ်။