TV Schedule
၂၀၂၂ မေလ(၁၂)ရက် ကြာသပတေးနေ့ မနက်ခင်း VOA
ရုရှားက ဥရောပတင်ပို့တဲ့ ဓါတ်ငွေ့ပိုက်လိုင်း ယူကရိန်းက ပိတ်လိုက်၊ အစ္စရေး စစ်ဆင်ရေးအတွင်း သတင်းထောက် အသတ်ခံရမှု ကန် နဲ့ ကုလ ရှုတ်ချ၊ စားအုန်းဆီ ပြည်ပတင်ပို့မှု အင်ဒိုနီးရှား မရေရာလို့ မလေးရှား အခွင့်သာ ၊ မြန်မာအလုပ်သမားတွေကို MOU နဲ့ထိုင်းခေါ်ယူ စတဲ့သတင်းတွေနဲ့အတူ နယ်မြေရှင်းလင်းရေးကြောင့် စစ်ကိုင်းတိုင်း စစ်ဘေးရှောင်တိုး ။ အပတ်စဉ် ကဏ္ဍ -လူထု့နဲ့ ကျန်းမာရေး၊ မြန်မာ့အရေးသတင်း သုံးသပ်ချက်၊ အားကစား ကဏ္ဍ ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၁၂-၂၀၂၂)
အမေရိကန် သမ္မတ Joe Biden ရဲ့ ဖိတ်ကြားချက်အရ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတက်ဖို့ အာဆီယံ ခေါင်းဆောင်တွေ ဝါရှင်တန်ကိုရောက်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် ဖိအားပေးဖို့ နည်းလမ်းပေါင်းစုံကို ရှာသွားမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Jung Pak ပြော၊ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ရွေးချယ်တင်မြောက်ခံထားရတဲ့ အစိုးရအဖွဲ့အဖြစ်ဆက်ဆံဖို့ အရေးကြီးတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးပြော
ဗွီအိုအေရေဒီယိုညပိုင်း မေ၁၂၊၂၀၂၂
ကန်သမ္မတ အာဆီယံခေါင်းဆောင်တဦးချင်းစီနဲ့သီးခြားတွေ့မည်၊ ကန် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမည်၊ “မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ထိစပ်ဆောင်ရွက်နေ” ကန်အကြီးတန်းအရာရှိ Jung Pak ပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေမှာ ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ တိုင်းရင်းသတင်းလွှာတွေ ထုတ်လွှင့်ပေးပါမယ်။