TV Schedule
ဗွီအိုအေမြန်မာမနက်ခင်း ဧပြီ၁၂၊၂၀၂၃
ကန့်ဘလူတိုက်ခိုက်မှု တာဝန်ရှိသူတွေအရေးယူဖို့ ကုလအကြီးအကဲတိုက်တွန်း၊ ယူကရိန်း လျှပ်စစ်ဓာတ်အား ပြည်ပတင်ပို့မှု ပြန်လည်စတင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံရေး၊ နေရာပေါင်းစုံအကြောင်းစုံ၊ ဆိုရှယ်မီဒီယာလူကြည့်များသတင်းတိုများ၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၁၂၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီးကျေးရွာကို မြန်မာစစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုဟာ လူတွေရဲ့ အသက်တွေကို အလေးမထားပဲ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်းတွေအပေါ် တာဝန်ရှိတယ်ဆိုတာကို မသိကျိုးကျွံပြုနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေ ကြောင့် တိကျတဲ့ အရေးယူမှုတွေ ချမှတ်ဖို့ လိုနေပြီလို့ လူ့အခွင့်အရေးအဖွဲ့ HRW က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆို ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီ ၁၂၊ ၂၀၂၃)
ကန့်ဘလူ ပဇီကြီးရွာတိုက်ခိုက်မှု သေဆုံးသူတွေထဲ ကလေးငယ် ၃၀ ကျော်ပါဝင်၊ ပဇီကြီးရွာတိုက်ခိုက်မှု စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံရေးအဖွဲ့တွေ ရှုတ်ချ၊ ယူကရိန်းစစ်သုံ့ပန်း ခေါင်းဖြတ် ကွပ်မျက်ခံရတဲ့ ဗွီဒီယို အွန်လိုင်းမှာပျံ့နှံ့ စတဲ့ သတင်းတွေအပြင် အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ လူထုနဲ့ကျန်းမာရေး၊ အားကစား အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။