TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မတ်လ ၁၂ ရက် ၂၀၂၃
ရှမ်းကယားနယ်စပ် တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ ဒေသတွင်းဒုက္ခသည်တွေအရေး အပြင် ယူကရိန်းခုခံစစ်မှာ အနောက်နိုင်ငံတင့်ကားတွေကြောင့် ပြောင်းလဲနေတာ၊ အီရန်က ရုရှားတိုက်လေယာဉ်ဝယ်မယ့် သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ မတ် ၁၂ ရက်၊ ၂၀၂၃
တားမြစ်ခံထားရတဲ့ မုဆိုးမတွေပါ ပါဝင်နိုင်လာတဲ့ အန္ဒိယရဲ့ ဆေးရောင်စုံဟိုလီပွဲတော်၊ ပဟေဠိဖြေရှင်းနိုင်တဲ့ ဘန်ဘယ်ဘီး ပိတုန်းကောင်လေးများ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ရင်သွေးတွေမှာ ပါလာတတ်တဲ့ Down Syndrome မွေးနိုင်ခြေနည်းအောင် သတိပြုသင့်သည့် အချက်များ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ ဘန်ကောက်က မြန်မာစကားပြောဆေးဆိုင်အကြောင့် နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ မတ်လ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
မတ်လ ၁၂၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားထိုးစစ်အရှိန်တန့်၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ ကပ်ဘေးအန္တရာယ်၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း တင်ဆင်မှာ ဖြစ်ပါတယ်။