TV Schedule
၂၀၂၂ မတ်လ(၁၂) VOA မနက်ခင်း
မတ်လ(၁၂) စနေမနက်ခင်း အစီအစဉ်မှာ -ဓာတုလက်နက်ပိုင်ဆိုင်ကြောင်း ယူကရိန်းအပေါ် ရုရှားစွပ်စွဲချက် ကုလနဲ့ အနောက်နိုင်ငံတွေပယ်ချ ၊ ရုရှားနဲ့ ပုံမှန်ကုန်သွယ်မှု အမေရိကန် EU နဲ့ G-7 ဆိုင်းငံ့ ထိပ်တန်းသတင်းနဲ့အတူ စစ်ကောင်စီအပေါ် ပိုဖိအားပေးဖို့ EU ကို မြန်မာ့အရေးလှုပ်ရှားသူတွေ တိုက်တွန်း ၊ စစ်ကိုင်းတိုင်းမှာ ကျေးရွာတချို့ မီးလောင်မှု စစ်ကောင်စီတပ် လက်ချက်လို့ ဒေသခံတွေစွပ်စွဲ၊ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရန်ကုန်မှာ ရေပြတ်လပ်မှုနဲ့ကြုံ၊ ချင်းပြည်နယ်မှာ ဆယ်တန်း စာမေးပွဲဖြေဖို့ စာရင်းပေးသူနည်းပါး စတဲ့သတင်းပေးပို့ချက်နဲ့ အပတ်စဉ်ကဏ္ဍများ။
ဗွီအိုအေ တပတ်အတွင်းသတင်း (မတ်လ ၁၃ ရက်၊ ၂၀၂၂)
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေ အကြီးအကျယ်လိုအပ်နေ၊ လျှပ်စစ်မီးဖြတ်တောက်မှု နေ့စဉ်ဘဝ အထူးထိခိုက်၊ ရုရှားကျူးကျော်စစ်တုံ့ပြန်ပြီး ကန်က ရေနံပိတ်လိုက်၊ ဒီလို မြန်မာနဲ့ ကမ္ဘာ တပတ်အတွင်း သတင်း စုစည်းတင်ပြချက်နဲ့ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ မတ်လ ၁၃ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း မတ်၁၂၊၂၀၂၂
ကရင်ပြည်နယ်တွင်း အာရှလမ်းမပေါ် ကုန်ကားတချို့ ပစ်ခတ်မီးရှို့ခံရ၊ ယူကရိန်းမြို့တော်နဲ့ ၁၅မိုင်အထိ ရုရှားတပ်များရောက်ရှိ၊ တရုတ်ဝန်ကြီးချုပ် Li Keqiang ရာထူးကအနားယူမည် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံအစီအစဉ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းစုစည်းချက်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။