TV Schedule
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၁၂-၂၀၂၀)
- ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ ဥရောနိုင်ငံတွေကလာတဲ့ ခရီးသွားတွေ အမေရိကန်ပြည်ထောင်စုထဲ ၀င်ရောက်ခွင့် ကန့်သတ်မယ့်အကြောင်း အမေရိကန်သမ္မတ Trump က ကြေညာပါတယ်။ - ကမ္ဘာတ၀ှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေတိုးလာနေပေမဲ့ ဂျပန်နိုင်ငံကတော့ ဒီနှစ်လယ်ကျင်းပမယ့် နွေရာသီ Olympic အားကစားပြိုင်ပွဲတွေကို ဖျက်မှာမဟုတ်ကြောင်း ပြောပါတယ်။ - မြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို အပြည့်အ၀ ကျင့်သုံးနိုင်ခြင်း မရှိသေးသလို၊ သိသာထင်ရှားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။