TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၁၂ ရက် ၂၀၂၃
ဒီကနေ့ဖေဖေါ်ဝါရီ ၁၂ ရက်မှာ အဝေးရောက်မြန်မာတွေ ကနေဒါမှာ ဖယ်ဒရယ်ပြည်ထောင်စုနေ့ကျင်းပတာ၊ ၅ ရက်ကျော်လာပြီဖြစ်တဲ့ တူရကီငလျင်ဘေးက အသက်ရှင်ကျန်သူတွေကို ကယ်ထုတ်နိုင်ဆဲ သတင်းတွေအပြင် ပခုက္ကူက တိုက်ခိုက်မှုတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၃
ထိုင်းက မွေထိုင်းလက်ဝှေ့ လူ ၃ ထောင်ကျော်နဲ့ ကမ္ဘာ့စံချိန်တင်၊ ဂျပန်က အံ့သြကုန်နိုင်ဖွယ် ထိုင်ခုံအင်္ကျီ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ လိပ်ခေါင်းရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းများကို ပြောပြထားတဲ့ လူထုနဲ့ကျန်းမာရေး၊ နောက်တော့ မြန်မာတွေနေတဲ့ မဟာချိုင်အကြောင်း နေရာပေါင်းစုံ၊ အကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ ဖေဖော်ဝါရီလ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃)
ပြတ်သားတဲ့နိုင်ငံရေး ရလဒ်ထွက်လာအောင် ကြိုးပမ်းကြဖို့ NUG ယာယီသမ္မတ ပြည်ထောင်စုနေ့မှာ တိုက်တွန်း၊ မြန်မာ့အရေး အကူအညီ ထိရောက်ဖို့ အမေရိကန်အရာရှိတွေနဲ့ NGU နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးဖို့ရှိ စတဲ့ ထိပ်တန်းရောက်သတင်းတွေနဲ့အတူ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောနဲ့ မေးမြန်းချက်၊ ကမ္ဘာ့ မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။