TV Schedule
၁၉:၀၀ - ၁၉:၂၉
ဗွီအိုအေ တပတ်အတွင်းသတင်း (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂)
မြန်မာ့အရေး နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်ရေး အမေရိကန်နိုင်ငံခြားဝန်ကြီး ပြောကြား၊ မြန်မာမှာ ကိုဗစ်လှိုင်းပြန်ဝင်၊ ယူကရိန်းနဲ့ ရုရှားအသီးသီး စစ်ရေးလေ့ကျင့်၊ ဒီလို မြန်မာနဲ့ ကမ္ဘာ တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ပြန်မြင့်လာတာကို ဘယ်လို ကိုင်တွယ်နေပါလဲ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
VOA ရေဒီယိုညပိုင်း ဖေဖော်ဝါရီ၁၂၊၂၀၂၂။
ကြိုတင်သတ်မှတ်ချက်မထား ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီဖိတ်ခေါ်၊ ပင်လုံစာချုပ်ချုပ်ဆိုမှုအထိမ်းအမှတ် NUG ကျင်းပ၊ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များထုတ်ပြန်.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာသတင်းတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။