TV Schedule
ဒီဇင်ဘာ ၁၂၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ခရီးသည်တင်လေယာဉ် ဗုံးကွဲမှုအတွက် မသင်္ကာသူ အမေရိကန်ဖမ်းဆီး၊ အာဆီယံ အီးယူ အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးဖွယ်ရှိ စတာတွေအပြင်၊ ကမ္ဘာတလွှားခရီးသွား၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဒီဇင်ဘာ ၁၂၊ ၂၀၂၂)
အီရန်နိုင်ငံမှာ ဆန္ဒပြသူနောက်တယောက် ကို ကြိုးပေး ကွပ်မျက်လိုက်ကြောင်း အီရန်အစိုးရ ပြော၊ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေက ရုရှား အပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်ပြီး၊ ယူကရိန်းရဲ့ စစ်တပ်အတွက် ငွေကြေး အကူအညီပိုပေးဖို့ စဉ်းစား၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ နဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရဲ့ ဒီသီတင်းပတ်ထဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တော်က ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ အလားအလာရှိ
ဗွီအိုအေ မြန်မာညချမ်း (ဒီဇင်ဘာ ၁၂၊ ၂၀၂၂)
ယူကရိန်းသမ္မတက ငြိမ်းချမ်းရေးရဖို့ လမ်းဖွင့်ထားတာ ကန်သမ္မတ ကြိုဆို၊ အာဆီယံ နဲ့ EU ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး မြန်မာ့အရေး ဆွေးနွေးဖို့ အလားအလာရှိ၊ လက်ရှိ ကုလမြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဗွီအိုအေသီးသန့်တွေ့ဆုံမေးမြန်းခန်း နိုင်ငံတဝန်းက စစ်ရေးနောက်ဆုံးရ အခြေအနေတွေနဲ့ တနင်္လာ အပတ်စဉ်ကဏ္ဍတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။