TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာလ ၁၂၊ ၂၀၂၁။
ဗြိတိန်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ အချမ်းသာဆုံး ဒီမိုကရေစီ နိုင်ငံကြီး ၇ နိုင်ငံ G7 နိုင်ငံခြားရေး ၀န်ကြီးများ မြန်မာ့ အရေး ဆွေးနွေးမယ့် အကြောင်း၊ ဆိုင်ကယ်စီးသူ အရေအတွက်နဲ့ ကျားမ ခွဲခြား ကန့်သတ်တဲ့ ဒေသန္တရ အမိန့်တွေ အကြောင်း စုစည်းတင်ပြထားတဲ့ ဒို့အသံ အစီအစဉ်၊ အပတ်စဉ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အပတ်စဉ် ကဏ္ဍတို့ကိုလည်း နားဆင်ကြရပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း ( ဒီဇင်ဘာ ၁၂၊ ၂၀၂၁)
အန္တရာယ်ကြီးတဲ့ ဆေးယဉ်ပါးပြဿနာကို ဘယ်လို ကာကွယ်မလဲ လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှားခရီးသွားမှာ ကိုဗစ်ဆေးထိုးပြီးသူတွေအတွက် ခရစ္စမတ်ပွဲတော်၊ သတင်းထဲက သုတ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ သင်ခန်းစာ နဲ ကာကွယ်ဆေးပုလင်းတွေနဲ့ ခရစ္စမတ်သစ်ပင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများအစီအစဉ်တွေကို ၂၀၂၁ ဒီဇင်ဘာ ၁၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၁၂၊၂၀၂၁
မြန်မာမပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ G7အွန်လိုင်းတတ်ရောက်၊ ထိုင်းနယ်စပ်တလျှောက် သုံးရက်အတွင်း အထောက်အထားမဲ့မြန်မာ ၂၀၀ကျော်ဖမ်းဆီးခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာမြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ ထူးခြားဆန်းပြားသတင်းများနဲ့ သတင်းထဲက သုတအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။