TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာလ ၁၂ ရက် ၂၀၂၃)
ကရင်နီဒေသ ၁ လေးလုံး စစ်ဆင်ရေး စစ်ကောင်စီစခန်း ၈ ခု သိမ်းပိုက်၊ ပါလက်စတိုင်းထောက်ခံသူ သိန်းနဲ့ချီ စုဝေးချီတက် ဆန္ဒပြ၊ အမေရိကန် စစ်မှုထမ်းတွေကို သမ္မတဘိုင်ဒန် ဂုဏ်ပြု စတဲ့သတင်းတွေအပြင် ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်း၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ အပတ်စဥ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (နိုဝင်ဘာ ၁၂ ရက်၊ ၂၀၂၃)
နယူးယောက်မှာ စည်သွတ်ဘူးတွေနဲ့ ရုပ်တုတွေ ပုံဖော်၊ ကမ္ဘာ့အကြီးဆုံးနဲ့ အနာအဆာအကင်းဆုံး စိန်ပြာ ဒေါ်လာ သန်း ၄၀ ကျော်နဲ့ ရောင်းချ၊ ဒီလို ထူးခြားဆန်းပြားသတင်းတွေ၊ လူငယ်တွေရဲ့ အချစ်ရေးအကြောင်း ပြောထားတဲ့ GenZ အစီအစဉ် နောက်တော့ ထိုင်းမှာ အိမ်ခြံမြေ မြန်မာဝယ်လက်အကြောင်း နေရာပေါင်းစုံအကြောင်းစုံ၊ ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာ အစီအစဉ်တွေကို ၂၀၂၃ နိုဝင်ဘာ ၁၂၊ တနင်္ဂနွေ ဗွီအိုအေတီဗွီ မဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၂၊ ၂၀၂၃)
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၂၊ ၂၀၂၃) ဂါဇာတိုက်ပွဲကြား ဆေးရုံက ကလေးတွေ ကယ်ထုတ်ဖို့စီစဉ်၊ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွား စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။