TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၁၂၊ ၂၀၂၃)
ယူကရိန်းအရှေ့ခြမ်းမှာ ရုရှားနဲ့ တိုက်ပွဲပြင်းထန်၊ သတင်းသမားတွေ ဖမ်းဆီးမှုရပ်ဖို့ စစ်ကောင်စီကို CPJ တောင်းဆို၊ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အလားအလာ အကဲခတ်တွေအမြင်၊ စတာတွေအပြင်၊ မြန်မာ့အရေး သုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစား စတဲ့ အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီလ ၁၂၊ ၂၀၂၃)
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Soledar မြို့မှာ ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီး စိုးရိမ်ရတဲ့ အနေအထားမှာရှိနေပါတယ်။ အမေရိကန် သမ္မတ Joe Biden သမ္မတအဖြစ်ခင် နိုင်ငံတော် မော်ကွန်းတိုက်ကို အပ်ရမယ့် လျို့ဝှက်မှတ်တမ်း အထောက်အထား နောက်ထပ် အတွဲတတွဲ သူ့ရုံးခန်းဟောင်းနဲ့ မဆိုင်တဲ့ တခြား နေရာတခုကနေ သူ့ရဲ့ ကိုယ်ရေးအရာရှိတွေက ထပ်မံတွေ့ရှိခဲ့ပါတယ်။မြန်မာစစ်တပ်ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ နိုင်ငံတကာရဲ့အရေးယူဒဏ်ခတ်မှုတွေမှာ အရှေ့တောင်အာရှ ASEAN အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပူးပေါင်းပါဝင်လာဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်း ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။