TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင် ၁၁ ရက် ၂၀၂၂
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်ရေး တရုတ်နဲ့အာဆီယံ ဖိအားပေးဖို့ ကန်တိုက်တွန်း၊ ထိုင်းမြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်၊ မြောက်ကိုရီးယား လက်နက်စမ်းသပ်မှု တောင်ကိုရီးယားထောက်လှမ်း စတဲ့သတင်းတွေနဲ့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ၊ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၁၁-၂၀၂၂)
ယူကရိန်း ဒုတိယအကြီးဆုံးမြို့ Kharkiv ကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အနည်းဆုံး ၃ ဦးသေဆုံး နဲ့ ၂၈ ဦး ဒဏ်ရာရ၊ သီရိလင်္ကာသမ္မတ Gotabaya Rajapaksa ရာထူးကနေ ဆင်းပေးမယ်ဆိုတာ သီရိလင်္ကာ ဝန်ကြီးချုပ်ရုံးအတည်ပြု၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဂျပန်နိုင်ငံကို ရောက်
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၁၁၊ ၂၀၂၂
သီရိလင်္ကာသမ္မတ နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ်ရုံးကပြောပါတယ်။ ဂျပန်မှာ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးချုပ် ကတိပြုပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်တပ်နဲ့ KIA တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့ပါတယ်။ ရနောင်းမှာ ထိုင်း ၁ ယောက်သတ်ဖြတ်ခံရမှု မြန်မာ ၁၅ ယောက်ဖမ်းဆီးခံရ စတဲ့သတင်းတွေနဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာစတဲ့ အပတ်စဉ်ကဏ္ဍတွေကို ရှုစား နားဆင်ရပါမယ်။