TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန်လ ၁၁ ရက် ၂၀၂၃
စစ်ရေးတင်းမာနေတဲ့ ယူကရိန်းကို ကနေဒါဝန်ကြီးချုပ် သွားရောက်တာ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း လွှတ်တော်အမတ်အဖြစ်ကနေ နှုတ်ထွက်တာနဲ့ လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံးတဲ့ သတင်းတွေအပြင် အပတ်စဉ်တင်ဆက်နေကျ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ အပြင် စိုက်ပျိုး- စီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇွန် ၁၁ ရက်၊ ၂၀၂၃
အရယ်အပြုံးသင်ကြားပေးတဲ့ ဂျပန်ကျောင်း၊ စက်ရုပ်တွေ လွှမ်းမိုးမယ်ဆိုတဲ့ အနာဂတ်ကမ္ဘာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဆီးချိုရှိသူတွေအတွက် အရေးကြီးတဲ့ သွေးစစ်မှုများ လူထုနဲ့ ကျန်းမာရေး၊ နောက်တော့ ထိုင်းက မြန်မာလုပ်သားတွေ အခြေခံလစာတိုးမယ့်အလားအလာ ရှိလား ဒါ့အပြင် မကြေးမုံရဲ့ အင်္ဂလိပ်စာအစီအစဉ်တွေကို ၂၀၂၃ ဇွန်လ ၁၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဇွန်လ ၁၁၊ ၂၀၂၃ ဗွီအိုအေ မြန်မာညချမ်း
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေနဲ့ တိုက်ပွဲပြင်းထန်၊ တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်ပျံသန်း စတာတွေနဲ့အတူ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများ တို့ကို တင်ဆက်ထားပါတယ်။