TV Schedule
၂၀၂၂ ဇွန်လ(၁၁)ရက် စနေ မနက်ခင်း VOA
WHO မြန်မာဝန်ထမ်း အသတ်ခံရမှု ကုလအတွင်းရေးမှူးချုပ် အပြင်းအထန်ရှုတ်ချ၊ ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်းဆိပ်ကမ်းမြို့မှာ ကာလ၀မ်းရောဂါ အန္တရာယ်နဲ့ကြုံ စတဲ့ထိပ်တန်းသတင်းနဲ့အတူ၊ ရှန်ဂရီလာလုံခြုံရေးဆွေးနွေးပွဲက မြန်မာ့အရေး မေးမြန်းချက်၊ စစ်ကောင်စီ စစ်ဆင်ရေးကာလ ကနီမြို့နယ်မှာ အရပ်သားသေဆုံးမှုရှိ - သတင်းပေးပို့ချက်တွေနဲ့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ သီတင်းပတ်စဉ်များ။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇွန်လ ၁၁ ရက်၊ ၂၀၂၂)
စစ်ကောင်စီကို ဆန့်ကျင်သူတချို့ကို သေဒဏ်စီရင်မယ့်ကိစ္စ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ၊ ယူကရိန်းအရှေ့ပိုင်းက ဆီရယ်ဗဲရားဒွန်းနက်စ်ခ်မြို့ အများစု ရုရှားလက်အောက် ကျရောက်၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ မြို့ပြတောရွာ လုံခြုံရေး ကင်းမဲ့မှု သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇွန်လ ၁၁ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေရေဒီယိုညပိုင်း ဇွန်၁၁၊၂၀၂၂
“ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ လွတ်လပ်မျှတမှုမဖြစ်နိုင် ”အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံယူဆ၊ မြန်မာ့နိုင်ငံရေးအတိုက်အခံတွေကို သေဒဏ်စီရင်မှုမလုပ်ဖို့ ကမ္ဘောဒီယားဝန်ကြီးချုပ် ပန်ကြား၊ အာရှမဟာမိတ်တွေကို အကာအကွယ်ပေးမယ်လို့ ကန်ကာကွယ်ရေးဝန်ကြီး ဂတိပြု စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့နိုင်ငံတကာသတင်းအနှစ်ချုပ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။