TV Schedule
၂၀၂၂ မေလ(၁၁)ရက် ဗုဒ္ဓဟူးနေ့ မနက်ခင်း VOA
ယူကရိန်းနိုင်ငံ ပင်လက်နက်ဆိပ်ကမ်းကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်၊ သီရိလင်္ကာနိုင်ငံက အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂကရှုံ့ချ စတဲ့ နောက်ဆုံးရသတင်းတွေ၊ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အလေးထားဖို့ တိုက်တွန်း၊ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်၊ စားအုန်းဆီရှားပါးမှုဂယက် မြန်မာနိုင်ငံမှာ ရိုက်ခတ် စတဲ့ သတင်းဆောင်းပါးတွေနဲ့ ဖိလစ်ပိုင်အာဏာရှင်ဟောင်း မားကို့စ်ရဲ့သား သမ္မတပြန်ဖြစ်လာမယ့်အပေါ် သုံးသပ်ချက်၊ အပတ်စဉ်ကဏ္ဍ တွေမှာတော့- အမေရိကန်နိုင်ငံရေးနဲ့ ကမ္ဘာတလွှားခရီးသွားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၅-၁၁-၂၀၂၂)
ယူကရိန်း နိုင်ငံ Kharkiv မြို့ ကနေ ရုရှား တပ်တွေ ကို ပြန်မောင်းထုတ်နိုင်ခဲ့တယ်လို့ ယူကရိန်း သမ္မတပြော၊ ယူကရိန်းကို အကူအညီပေးဖို့အတွက် အမေရိကန် အောက်လွှတ်တော် က ဒေါ်လာ ၄၀ ဘီလီယံ ဥပဒေကြမ်းအတည်ပြု၊ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး အတွက် အမေရိကန်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအဓိကကျတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရပြော