TV Schedule
၂၀၂၂ ခု မတ်လ ၁၁ ရက် VOA မနက်ပိုင်း
၂၀၂၂ မတ်လ ၁၁ ရက် သောကြာမနက်ခင်းအစီအစဉ်မှာ - ယူကရိန်းကို ရုရှားကျူးကျော်မှု ကာကွယ်ရေးစရိတ် တိုးမြှင့်ဖို့ ဆွီဒင်ဝန်ကြီးချုပ် တိုက်တွန်း၊ ရုရှား-ယူကရိန်း ဝန်ကြီးအဆင့်ဆွေးနွေးပွဲ တိုးတက်မှုမရှိ.. ထိပ်တန်းသတင်းတွေနဲ့အတူ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ဥရောပသမဂ္ဂက ရှုတ်ချ ၊ ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေကို အကူအညီတွေပေးဖို့ အခက်အခဲတွေဖြစ်နေဆဲ၊ စစ်တွေမှာ အိုးမဲ့အိမ်မဲ့တွေနေထိုင်တဲ့ နေရာတွေကို အာဏာပိုင်တွေဖျက်ဆီးတဲ့ သတင်းပေးပို့ချက်တွေအပြင် ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာတွေကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၃-၁၁-၂၀၂၂)
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံတွင်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ အမေရိကန် သတိပေး၊ ယူကရိန်းနိုင်ငံထဲမှာ ဓာတုလက်နက်တွေ ထုတ်လုပ်နေတယ်လို့ ရုရှားရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးကျင်းပဖို့ရှိ၊ ရုရှားကို ကုန်သွယ်ရေးဆိုင်ရာ ဦးစားပေး အထူးအခွင့်အရေး ပေးထားတာကို ပြန်ရုပ်သိမ်းမယ့်အကြောင်း အီးယူ ဥရောပသမဂ္ဂ၊ G-7 စီးပွားရေးအင်အားကြီး နိုင်ငံ ၇ နိုင်ငံနဲ့အတူ အမေရိကန်ကြေညာဖို့
ဗွီအိုအေ သောကြာည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
မတ် ၁၁ - စစ်ကောင်စီကို လက်နက်ရောင်းနေတဲ့ ဆားဘီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေကို ဥရောပပါလီမန်က ပြစ်တင်ရှုတ်ချ လိုက်တဲ့သတင်းနဲ့အတူ ထိပ်တန်းသတင်းများ၊ ကရင်ပြည်နယ်ဘက် စစ်ရေးတင်းမာလာနိုင်၊ ဒီးမော့ဆိုဘက် စစ်ပြေးဒုက္ခသည် စခန်း လေကြောင်းတိုက်ခိုက်ခံရ၊ ယင်းမာပင်မှာ တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာဒုက္ခသည် ၇၀၀ လက်ခံဖို့ ရခိုင်မှာ ပြင်ဆင်ထား။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။